International News

ကပ်ရောဂါဖြစ်ပွားမှုက အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး e-commerce ကို ခေတ်စားစေသည်

Last Updated:

Lazada Thailand က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် အွန်လိုင်းဈေးဝယ်မှုပုံစံကို ထိုင်းနိုင်ငံ၌ ပုံမှန်ဈေးဝယ်မှုပုံစံသစ်အဖြစ်သို့ ပြောင်းလဲရောက်ရှိစေလိမ့်မည် ဖြစ်ကြောင်း၊ ထို့အပြင် အီလက်ထရေနစ် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီးအနေဖြင့် ဤမျှခက်ခဲလှသော အချိန်ကြီးတွင် Offline SMEs လုပ်ငန်းပေါင်း (၅၀,၀၀၀) ခန့်အား မက်လုံးများဖြင့် ဆွဲဆောင်လျှက်ရှိကြောင်း Lazada Thailand ကပြောကြားခဲ့ပါသည်။ မတ်လလယ်မှ ဧပြီလအထိ လာဇာဒါ (Lazada) အနေဖြင့် အရောင်းအဝယ် (၁၀၀%) တိုးမြင့်ခဲ့သည်ဟုတွေ့ရှိရကြောင်း Lazada Thailand ၏ ဈေးကွက်ရှာဖွေရေးအကြီးအကဲ Paradee Sinthawanarong က တိုက်ရိုက် ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

စားသုံးသူများအနေဖြင့် အိမ်မှာနေစဉ် (သို့မဟုတ်) အိမ်မှနေ၍အလုပ်လုပ်ခြင်းပြုလုပ်ကြစဉ်အတွင်း ၎င်းတို့အနေဖြင့် အွန်လိုင်းပေါ်တွင် အချိန်ပိုကြာကြာနေကြသဖြင့် အွန်လိုင်းအရောင်းတန်ဖိုးမှာ ဖေဖေါ်ဝါရီလအစောပိုင်းမှ ဧပြီလအစောပိုင်းအထိ (၁၃၀%) မြင့်တက်ခဲ့ပါသည်။ ဈေးဝယ်ရှာဖွေရေးယန္တရား (Shopping search engine) နှင့် ဈေးနှုန်းနှိုင်းယှဉ်ခြင်းပလက်ဖေါင်း (Price Comparison platform) ဖြစ်သည့် Priceza ၏ အဆိုအရ နိုင်ငံ၏ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (e-commerce) ရောင်းဝယ်မှုသည် မတ်လတွင် (၈၀%) မြင့်တက်ခဲ့ပါသည်။ ကပ်ရောဂါကူးစက်မှုပျံ့နှံ့သွားသည်နှင့် Lazada အနေဖြင့် အွန်လိုင်းဈေးဝယ်ခြင်းနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးမှာ ထိုင်းလူမျိုးတို့၏ စံနှုန်းဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်ပါသည်။

အွန်လိုင်းအသုံးပြုသူ Users များအနေဖြင့် တစ်ခေါက်လျှင် ပျှမ်းမျှ (၁၁) မိနစ်သုံးစွဲကြပြီး ပိတ်ဆို့မှု (Lockdown) မတိုင်မီကထက် (၁၁%) ပိုကြာကြာ သုံးစွဲကြခြင်း ဖြစ်ပါသည်။ Lazada ၏ပြောကြားချက်အရ သုံးစွဲသူများအနေဖြင့် ငွေသားဖြင့်ပေးချေမှု (Cash payment) ကို ရှောင်ကြဉ်လာကြသဖြင့် အွန်လိုင်းဈေးဝယ်သူ (၆၀%) မြင့်တက်လာခဲ့ပြီး မတ်လတွင် e-wallet အရောင်းအဝယ် (၅%) မြင့်တက်လာခဲ့ပါသည်။

ပဋိပက္ခကာလအတွင်း အသုံးစရိတ်များသည် အိမ်အသုံးအဆောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးထုတ်ကုန်များ၊ ဖြည့်စွက်အစားအစာများ၊ လေသန့်စင်စက်နှင့် မီးဖိုများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တန်ဖိုးနည်းလူ့အသုံးအဆောင်ပစ္စည်းများဆီသို့ ဉီးတည်ရွှေ့ပြောင်းဝယ်ယူလာခဲ့ကြကြောင်း၊ အိုင်တီပစ္စည်းများနှင့် စမတ်ဖုန်းများ ကဲ့သို့သော ပစ္စည်းများ၊ အလုပ်သွား/ အလုပ်လာ (သို့မဟုတ်) တန်ဖိုးကြီး အဝတ်အစားများဝယ်ယူခြင်းများ ကျဆင်းသွားသည်ဟု Ms.Paradee ကပြောကြားခဲ့ပါသည်။

ပစ္စည်းရောင်းချသူများ၏ ပြောကြားချက်အရ မတ်လတစ်လတည်းတွင် ကုန်သည်အသစ် (၂၆,၀၀၀) ဉီးထပ်မံထည့်သွင်းလာကြကြောင်း၊ Lazada တွင် အကြမ်းဖျင်း အားဖြင့် ၎င်း၏ ပလက်ဖေါင်းပေါ်တွင် ကုန်သည်စုစုပေါင်း (၂၀၀,၀၀၀) ခန့်နေပါသည်။ Ms.Paradee က အကျပ်အတည်းကာလအတွင်း ပိတ်ထားရမည့် လက်လီ လက်ကားရောင်းချသူများအတွက် SMEs နှိုးဆွလှုံ့ဆော်မှုအစီအစဉ်ကို ကမ်းလှမ်းပေးဝေလျှက်ရှိနေသည်ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်အရ SMEs များအနေဖြင့် ၎င်းတို့၏ (၂%) အခကြေးငွေပေးသွင်းမှုကို မှတ်ပုံတင်ခြင်းနှင့် ကော်မရှင်ခလုံးဝမပေးရဘဲ လျှော့ပေါ့သက်သာခွင့်ရရှိမည် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် သူတို့ ၏ အွန်လိုင်းအရောင်းဆိုင် (Online Shop) များကို (၃) မိနစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်ကို ယခုလ လယ် (ဧပြီလ) တွင် စတင်မည်ဖြစ်ပြီး မေလကုန်အထိ လည်ပတ်မည်ဖြစ်ပါသည်။ အနည်းဆုံး SMEs ပေါင်း (၅၀,၀၀၀) ခန့်မှာ အဆိုပါ ကာလအတွင်း ပူးပေါင်းပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း Ms.Paradee ကပြောကြားခဲ့ပါသည်။

Lazada အနေဖြင့် ၎င်း၏ Live Streaming ပလက်ဖေါင်းပေါ်ရှိ Lazada Live တွင် ကိုယ်ပိုင်အကြောင်းအရာ စတင်တည်ဆောက်သော အရောင်းသမားများအတွက် (၂၀%) လျှော့ဈေးပြေစာကိုထောက်ပံ့ပေးလျှက်ရှိပါသည်။ အဆိုပါ Lazada ပလက်ဖေါင်းအနေဖြင့် အသေးစားချေးငွေ (Micro loans) ရယူသုံးစွဲလိုသူများနှင့် အွန်လိုင်း သင်တန်းသင်ရိုးများ ရောင်းချလိုသူများအတွက်ကိုလည်း ရပ်တည်ဆောင်ရွက်ပေးသွားရန် အဆင်သင့်ရှိနေပါသည်။

အမှတ်တံဆိပ်ရှိသော Brands’ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာများ (သို့မဟုတ်) Live Stream များမှတစ်ဆင့် ၎င်းတို့၏ ထုတ်ကုန် များကို ရောင်းချနိုင်သည့် Offline မှ Online သို့ ဆက်သွယ်ကူးပြောင်းမှုအစီအစဉ်ကိုလည်း စတင်မိတ်ဆက်လွှင့်တင်တော့မည်ဖြစ်ပါသည်။ Lazada အနေဖြင့် ကုန်အမှတ်တံဆိပ် Brand နှင့် Lazada မှ ဝန်ထမ်းများအား ကော်မရှင်ခများရရှိစေရန် လမ်းကြောင်း Truck နှင့် အရောင်း sales တို့အား စာရင်းစစ်ဆေးလိမ့်မည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News